KIA Myanmar မှ World Cup Promotion အဖြစ် ကားသစ် ခြောက်စီးကို အထူးလျှော့စျေးဖြင့် ရောင်းချပေးမည်

ရန်ကုန်၊ ဇူလိုင် ၃

KIA Myanmar မှ World Cup Promotion အဖြစ် ကားသစ် ခြောက်စီးကို ဇူလိုင် ၁၅ ရက်အထိ အထူးလျှော့စျေးဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။

World Cup Promotion တွင် ပါဝင်သော ကားများဖြစ်သည့် Picanto ၊ Rio ၊ Carens ၊ Optima GT ၊ Sportage GT ၊ Sorento GT တို့ကို အထူးလျှော့ စျေးဖြင့် ရောင်းချပေးမည်ဖြစ်သည်။
‘‘World Cup Promotion ကာလအတွင်း Picanto ၊ Rio နဲ့ Carens ကားသစ်တွေကို ဝယ်ယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ ငါးရာ Discount ရရှိမှာဖြစ်ပါတယ်၊ နောက်ပြီး Optima GT ၊ Sportage GT ၊ Sorento GT တို့ကို ဝယ်ယူမယ်ဆိုရင်လည်း အမေရိကန် ဒေါ်လာတစ်ထောင် Discount ရရှိမှာဖြစ်ပါတယ်’’ ဟု KIA Myanmar မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

KIA Myanmar မှ World Cup Promotion ကာလအတွင်း Picanto ကို အမေရိကန်ဒေါ်လာ ၁၉,၄ဝဝ၊ Carens ကို အမေရိကန် ဒေါ်လာ နှစ်သောင်းခွဲ၊ Carens ကို အမေရိကန်ဒေါ်လာ ၄၂,၅ဝဝ တို့ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အာမခံ ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း ရရှိမည်ဖြစ်သည်။ ထို့ပြင် Optima GT ကို အမေရိကန်ဒေါ် လာ ၅၁,ဝဝဝ၊ Sportage GT ကို အမေရိကန်ဒေါ်လာ ၅၄,ဝဝဝ နှင့် Sorento GT ကို အမေရိကန်ဒေါ် လာ ၆၄,ဝဝဝ တို့ဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။
ကြည်ြပာ

Leave a Reply

Close Menu