Peugeot မှSUV ကားသစ်နှစ်စီးနှင့် Sedan ကားသစ်တစ်စီးတို့ မိတ်ဆက်ပြသခဲ့

ရန်ကုန်၊ မေ

Peugeot မှ SUV ကားသစ်နှစ်စီးနှင့် Sedan ကားသစ်တစ်စီးတို့ကို Myanmar Plaza တွင် မေ ၂၅ ရက် မှ ၂၇ ရက်အထိ  မိတ်ဆက်ပြသ ရောင်းချခဲ့ကြောင်း သိရသည်။

Peugeot မှ အသစ်မိတ်ဆက်လိုက်သည့် ကားအမျိုးအစား သုံးခုစလုံးသည် Engine of the Year ဆုကို သုံးနှစ်ဆက်တိုက်ရရှိထားသလို Peugeot 5008 သည်လည်း Car of the Year ဆု ရရှိခဲ့သည်။ ထို့ပြင် Peugeot အမှတ်တံဆိပ်သည် International Award ၃၈ ဆု ရရှိထားသော ဥရောပအကောင်းဆုံး ကားအမှတ်တံဆိပ်ဖြစ်ပြီး Safety ပိုင်းတွင် Euro Ncap မှ 5 Stars Rating ရရှိထားသော SUV ကားများဖြစ်သည့် Peugeot 3008 ၊ Peugeot 5008 နှင့် Sedan ကားဖြစ်သည့် Peugeot 508 တို့ကို ပြည်တွင်းစျေးကွက်အတွင်း မိတ်ဆက်ပြသ ရောင်းချခဲ့ခြင်း ဖြစ်သည်။

”ပြည်တွင်းစျေးကွက်အတွင်း စတင်မိတ်ဆက်လိုက်တဲ့ Peugeot SUV ကားအမျိုးအစား နှစ်ခုဟာဆိုရင် စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ နောက်ဆုံးနည်းပညာတွေ တပ်ဆင်အသုံးပြုထားပါတယ်၊ Function ပိုင်းရော Safety ပိုင်းမှာပါ အားနည်းချက် ပြောစရာမရှိဘဲ မြန်မာနိုင်ငံလမ်းတွေနဲ့ ကိုက်ညီမှုရှိအောင် ထုတ်လုပ်ထားပါတယ်”ဟု Peugeot မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Peugeot SUV ကားသစ်နှစ်စီးဖြစ်သည့် Peugeot 3008 ကို အမေရိကန်ဒေါ်လာ ၆၈,၉ဝဝ နှင့် Peugeot 5008 ကို အမေရိကန်ဒေါ်လာ ၇၈,၅ဝဝ၊ Sedan ကားဖြစ်သည့် Peugeot 508ကို အမေရိကန်ဒေါ်လာ ၆၉,၇ဝဝ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ မိတ်ဆက်ပြသခဲ့သည့် Promotion Event အတွင်း ဝယ်ယူသူများအတွက် Peugeot 508 ကို အမေရိကန်ဒေါ်လာ သုံးထောင်၊ Peugeot 3008 နှင့် 5008 ကားသစ် များကို အမေရိကန်ဒေါ်လာ ၁,၅ဝဝ စီလျှော့၍ ရောင်းချပေးခဲ့ကြောင်းသိရသည်။ Peugeot ကားသစ်များကို ဝယ်ယူမည်ဆိုပါက 1 Year Free Insurance ထည့်သွင်းပေးမည်ဖြစ်သလို အာမခံအဖြစ် သုံးနှစ် Free Maintenance နှင့်အတူ ငါးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

Leave a Reply

Close Menu