Peugeot Cars Can be Purchased Under Five-year Auto Loan

Peugeot Myanmar, in cooperation with Myanmar Citizen Bank, will start selling Peugeot cars under a five-year auto loan. The installment payment program requires a 20 percent down payment and then monthly payments for the remaining five years.“If you buy Peugeot cars through other banks, the down payment will be 30 percent, but with MCB bank, you will only need to pay 20 percent as a down payment. This is to help the buyers to purchase vehicles easily,’’ Daw Amy, Sale Manager of Peugeot Myanmar, told Myanmar Business Today.

The interest rate for the loan is 7.5 percent and Peugeot Myanmar has been working with other banks such as Ayayarwady bank, Yoma Bank and AGD Bank, and now extending its network with MCB Bank. Peugeot Myanmar’s Peugeot 308 is listed at $58,700, Peugeot 508 is selling for $67,900, and the 3008 is going for $78,500.

Peugeot Myanmar opened its first showroom as the only authorized seller in Yangon 2016 for France’s Peugeot vehicles, and now they have opened show rooms in Mandalay and Naypyidaw.

Myanmar Summary:

Peugeot Myanmarမှ တင်သွင်းရောင်းချလျက်ရှိသည့် ပြင်သစ်နိုင်ငံထုတ် Peugeot အမှတ်တံဆိပ် မော်တော်ကားများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူမည်ဆိုပါက မြန်မာနိုင်ငံသားများဘဏ်(MCB) နှင့် လည်း ချိတ်ဆက်၍ ငါးနှစ်အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘဏ်နှင့် ချိတ်ဆက်၍ ၀ယ်ယူမည်ဆိုပါက ကနဦးငွေပေးသွင်းမှုသည် ကားတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး ပေးသွင်းရန်ကျန်ရှိသည့် ၇၀%ကို ငါးနှစ်အရစ်ကျစနစ်ဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

“တခြားဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ၀ယ်ယူမယ်ဆိုရင်တော့ အရင်ဆုံးကားတန်ဖိုးရဲ့ ၃၀%ကို အရင်ပေးသွင်းရတာပါ၊ ဒီ MCB Bankနဲ့ ချိတ်ဆက်ပြီး ၀ယ်ယူမယ်ဆိုရင်တော့ ၂၀%ပဲ ကနဦးပေးသွင်းရမှာပါ။ အခုလို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး လုပ်တယ်ဆိုတာကလည်း ၀ယ်ယူသူတွေအနေနဲ့ ပိုမိုအဆင်ပြေအောင် လုပ်ဆောင်ရတာပါ” ဟု Peugeot Myanmar မှ Sale Manager မအေမီက MBT သို့ ပြောသည်။

ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ၀ယ်ယူမည်ဆိုပါက ကားတန်ဖိုး၏ ၇ဒသမ ၃ ရာခိုင်နှုန်းကို အတိုးနှုန်းအနေဖြင့် ပေးသွင်းရမည်ဖြစ်ပြီး ယခင်က အရစ်ကျစနစ်ဖြင့် ၀ယ်ယူမည်ဆိုပါက ဧရာဝတီဘဏ်၊ ရိုးမဘဏ်နှင့် AGD ဘဏ်တို့မှတစ်ဆင့် ချိတ်ဆက်၍ ၀ယ်ယူနိုင်သော်လည်း ယခုအခါတွင် MCB Bank နှင့်လည်း ထပ်မံချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Peugeot Myanmarမှ လက်ရှိတွင် Peugeot 308အမျိုးအစားကို အမေရိကန်ဒေါ်လာ ၅၈၇၀၀ ၊ 508ကို အမေရိကန်ဒေါ်လာ ၆၇၉၀၀ ၊  3008ကို ၆၉၈၀၀ နှင့် 5008ကို ၇၈၅၀၀ တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြင်သစ်နိုင်ငံထုတ် Peugeot အမှတ်တံဆိပ် ကားများကို တစ်ဦးတည်းကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံတွင် ရောင်းချရန်Peugeot Myanmar အရောင်းပြခန်းကို ၂၀၁၆ခုနှစ်တွင် ရန်ကုန်၌ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် မန္တလေးနှင့် နေပြည်တော်တို့တွင်လည်း ထပ်မံတိုးချဲ့ ဖွင့်လှစ်ထားသည်။ 

Leave a Reply

Close Menu